ဆက်သွယ်ရန်

(၁၈-၈-၂၀၁၂ တွင် စတင်သည်။)
ဆက်သွယ်ရန်.........
၁။ဦးကျော်မိုး -09256025490 ၂။ဦးအောင်သူထွန်း -09421070847 ၃။ ဦးအောင်ဆန်းလင်း - 09400465111 ၄။ ဦးကြည်ဝင်းလှိုင် - 09400456996 ၅။ ဦးမျိုးလွင် - 0947073534 ၆။ဦးချစ်ကို - 0933665323 ၇။ ဦးသက်နီုင်ဦး - 09400533811 ၈။ဒေါ်သီတာဝင်း- 0933380123

Monday, December 29, 2014

လေသာတောင် အလှူ

လေသာတောင် အလှူ














































ဝမ်းမြောက်ခြင်းအက်ဆေး


တွဲလက်များပရဟိတအဖွဲ့ရဲ့ လေသာရေနံမှော် ခရီးကို ၂၀၁၄ ခု ဒီဇင်ဘာစကားလေး ဖောင်ဖွဲ့ပါရစေ။
တကယ်တော့လေသာရေနံမှော်ကလေးကို ကြားဖူးတာကြာပြီ။ ကလေးမြို့ ပေါက်တောကျေးရွာရဲ့ အရှေ့ဖက်က တောင်တန်းတွေကြားထဲမှာ တည်ရှိပါတယ်။ ရေနံတူးတဲ့ ပစ္စည်းကရိယာတွေကို တင်ပို့ဖူးပေမယ့် လူကိုယ်တိုင်ကတော့ အလှူသွားခါမှ ရောက်ရတော့တာပါ။
မြစ်သာမြစ်ကို တတိယအကြိမ် အဖွဲ့လိုက်ဖြတ်ကူးခြင်းပါ။ ကားလမ်းမရှိလို့ အဖွဲ့သား မိန်းခလေးတွေလည်း ဆိုင်ကယ်ကို ကိုယ်တိုင်ယူလာစေပြီး ကိုယ်တိုင် စီးကြရပါတယ်။ ဆိုင်ကယ်နှစ်စီးသာဆံ့တဲ့ ကူတို့နဲ့ မြစ်သာမြစ်ကိုဖြတ်ကူးပြီး ပေါက်တောရွာအထိ မိန်းခလေးတွေ ဆိုင်ကယ်စီးနိုင်ကြပေမယ့် မှော်ထဲအသွားလမ်းကတော့ မစီးနိုင်ကြတော့ပါဘူး။ ချောင်းကူး ကုန်းတက် တောင်ကြားလမ်းကျဉ်းကလေးဆိုတော့ မိန်းခလေးအားလုံး နောက်ကထိုင်လိုက်စေရပါတော့တယ်။
ဒီလမ်းက ယခု ဒီဇင်ဘာလမှ ဆိုင်ကယ်လမ်းပေါက်ပြီး ရေနံစိမ်းကို ဆယ်ဂါလံဝင်ပုံးတွေနဲ့ထဲ့လို့ မြည်း တို့ လားတို့နဲ့ ကယ်ရီဆွဲတဲ့ လမ်းကလေးပါ။
လမ်းမှာ ရှေ့ဆိုင်ကယ်ကို နောက်လူကတွန်းတက်ရပါတယ်။
ဆိုင်ကယ်ပေါ်တက်မောင်းသူက လိပ်လိုခြေကန်ယက်ရသေးတာပါ။
ကိုယ်ကတော့ အဖွဲ့ရဲ့ နောက်ဆုံးက လိုက်ပါခဲ့ပါတယ်။ ကိုယ့်ရဲ့ အိုဟောင်းနေပြီဖြစ်တဲ့ ၁၁၀ ဆိုင်ကယ်နောက်မှာ စာအုပ်တစ်ဖါ ချည်လာခဲ့လို့ ဝိတ်ပါတယ်ပြောရပါမယ်။ ဆိုင်းထီးဆိုင် သီချင်းကလေးလို ဘီးနံပါတ် OK 0122L လို့ပဲ တင်စားထားတဲ့ ဘီးကလေးပါ။ ကိုယ့်ရှေ့အဖွဲ့သား ဆိုင်ကယ်က တောင်တက်မှာ ချိန်းကျပြီး ညှပ်နေလို့ အခက်တွေ့ ကြံရာမရဖြစ်ခဲ့ရတယ်။ ရှေ့ကအဖွဲ့ ကို ဖုန်းဆက်ဖို့ ဖုန်းလိုင်းက မရှိပါဘူး။ ချိန်းကျတဲ့ဆိုင်ကယ်က အကောင်းစား ရာမဟာ ၁၂၅ ပေါ့။ ဘာဂွ ဘာစပါနာမှပါမလာဘူး။ ပြင်စရာ ဘာဆိုဘာမှထဲ့မလာတဲ့သူပါ။
ဆိုင်ကယ်ဆရာ ကိုနဂါးက ခေသူတော့မဟုတ်ဘူး မဖြစ်နိုင်သောလမ်း ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကို ဂျာမန်အဖွဲ့ လာရိုက်တော့ ယာကြီးလမ်းမှာ ကာဂိုကားကြီးနဲ့ လွှတ်ရုန်းခဲ့သူပေါ့။
ဒါပေမယ့်ချိန်းဖုံးဖွင့်ဖို့ ကြတော့ ကားဆရာခေါင်းခါခဲ့ရပါပြီ။
ညှပ်နေလို့ ရှေ့တိုးမရ နောက်ဆုတ်မရ ကုန်းတက်မှာ တက်လစ်ကြီးပါ။
နောက်မှ ဝက်အူလှည့်လေးတစ်ချောင်းတွေ့လို့ ကျောက်ခဲနဲ့ တချက်ခြင်း ထုဖြုတ်ပြီး နတ်သုံးလုံးကို ခက်ခက်ခဲခဲ ဆွဲထုတ်ရပါတော့တယ်။

မှော်ထဲရောက်တော့ ၁၂ နာရီ ထိုးလုပါပြီ။
ကျောင်းဆောင်လေးက မြေစိုက်တဲကြီးတစ်ခုပါ။ ရေနံတွင်းနဲ့ လမ်းပဲခြားပါတယ်။ မှော်ရွာကလေးဟာ တောင်ကြားတစ်ခုလုံးကြိုကြား တည်ရှိနေပါတယ်။ နှစ်လက်မရေနံတွင်း ကလေးတွေ ဟိုဒီကွက်ကြား လှမ်းမြင်နေရပါတယ်။ နှစ်လက်မပေမယ့် အထင်မသေးပါနဲ့ ဒီတွင်းထဲ တိုက်နဲ့ကားပါ ဝင်သွားပါပြီလို့ ဆိုသူကဆိုကြပါရဲ့။
တူးတိုင်းလည်းမရ ကံ ပါမှ အခြေလှသည်လို့ ဆိုလိုနေပုံပါ။ မှော်ရွာက တဲအိမ်ကလေးတွေဟာ အတော်လေးသေးငယ်ကြပါတယ်။
ရေနံမှော်ဆိုပေမယ့် မှော်ခန်းလို့ စခန်းသိမ်းရတော့မယ့်အခြေအနေပါ။

ရောက်ရောက်ခြင်း ကြက်သားဆန်ပြုတ်နဲ့ ဧည့်ခံလို့ ကျောင်သားလေးတွေရော တွဲလက်များပါ အားပါးတရ ဆာဆာနဲ့ စားကြရပါတယ်။
ကျောင်းသူကျောင်းသား ၃၁ ယောက်နဲ့ ရွာပေး ဆရာဆရာမ များကို စာအုပ်စာရေးကရိယာများ အဖြူအစိမ်း ကျောင်ဝတ်စုံများ အင်္ကျီ တစ်ထည် စကပ် ဘောင်းဘီ နှစ်ထည်စီ ပေးအပ်ပြီးတော့ အတူတကွ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြနှက်ကြပါတော့တယ်။ ဂျာနယ်လစ်အတော်များများလည်း တွဲလက်များအဖွဲ့ရဲ့ တည်ထောင်သူများဖြစ်ကြလို့ ဓါတ်ပုံကို ရိုက်ကြ နှက်ကြလို့ သုံးနှုံးဂုဏ်ပြု့တာပါ။ ကျောင်းသားကလေးငယ်များကလည်း ကျောင်းဝတ်စုံအသစ်တွေနဲ့ လှဲလှယ်ဝတ်ဆင်ကြပြီး ပျော်လို့ပေါ့။
တွဲလက်များအဖွဲ့ကို ကြက် ဝက် ဒေသထွက် ဟင်းလျှာများနဲ့ ကျွေးမွေးပြီး အိမ်ပေါက်စေ့လုမတတ် အချိုပွဲ အကြမ်းရည်နဲ့ ဖိတ်ခေါ်ဧည့်ဝတ်ပြု့တာကဖြင့် သသက်မမေ့နိုင်စရာဖြစ်ခဲ့ရပါတယ်။
ထူထူးခြားခြားကြွက်ကြော် နဲ့ ဇီးဖြူသီးဆားရည်စိမ် ကတော့ဖြင့် မိန်းခလေးများ ထပ်မစားကြပါတော့နဲ့ ဟုပင် တားယူရသည်အထိ ခံတွင်းတွေ့ခဲ့ကြပါတယ်။
အိမ်အပြန်လက်ဆောင်ဟုဆိုကာ သင်္ဘောသီးလှလှတွေကိုလည်း လက်ဆောင်ပေးကြပါသေးတယ်။
ညနေလည်းစောင်းပြီမို့ အားလုံးကို နှုတ်ဆက်ရင်း အပြန်ခရီးမှာမောခဲ့သမျှ မြစ်သာမြစ်ထဲမှာ အဖွဲ့လိုက်ရေစိမ်ချိုးခဲ့ကြတယ်။ အိမ်အပြန်မှာ တောင်တန်းပေါ်မေးတင်တဲ့ နေမင်းက တစ်နေ့တာကို နှုတ်ဆက်နေပါတော့တယ်။
မြို့အဝင် မိုးချုပ်လို့ ကြယ်ကလေးတွေက ငုတ်တုတ်ထိုင်စောင့်နေကြရဲ့။

ကိုကျော်မိုး
တွဲလက်များပရဟိတအဖွဲ့
ကလေးမြို့။